သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နှင့် South-KOREA နိုင်ငံ SUNCHON National University တို့အကြား MoU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၂၈-၈-၂၀၂၄)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ SUNCHON မြို့၊ SUNCHON National University, Main Building, 4th Floor Conference Room တွင် KOREA စံတော်ချိန်နံနက် (၁၁း၀၀) နာရီ၊ မြန်မာစံတော်ချိန်နံနက်(၈း၃၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ SUNCHON National University မှ Mr Byung-Woon Lee (ph.D, President)၊ Dr.Shin Won Kang (Dean, International Affairs & Education)နှင့် အဆိုပါ တက္ကသိုလ်၏ တာဝန်ရှိသူများတို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နားလည်မှုစာချွန်လွှာအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် SUNCHON National University မှ Mr Byung Woon Lee (ph.D, President)တို့မှ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား)) နှင့် Dr.Shin Won Kang (Dean, International Affairs & Education) တို့က ဆောင်ရွက်ခဲ့ကြပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နှင့် SUNCHON National University, Korea တို့သည် နှစ်ဦးနှစ်ဖက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရပ်ဆိုင်ရာအရည်အသွေး ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အကျိုးပြုသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ပညာရပ်ဆိုင်ရာ ပူးပေါင်းဖလှယ်မှုများကို ဆောင်ရွက်ခြင်းဆိုင်ရာများအတွက် ဤနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ SUNCHON National University, Korea နှင့် မြန်မာနိုင်ငံ၏ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့သည် ပညာရေးဆိုင်ရာ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အကောင်အထည်ဖော် လက်မှတ်ရေးထိုးပြီးနောက် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုများဖြင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားရရှိရန် သုတေသန၊ ပညာရေးနှင့် နိုင်ငံတကာ နားလည်မှု၊ တိုးတက်မှုတို့အတွက် နှစ်ဦးနှစ်ဖက် ရလာဒ်ကောင်းများစွာ ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံအတွက် သုတေသနကျင့်ဝတ်ကော်မတီမှ အတည်ပြုထားသော သုတေသနစာတမ်းများကိုသာ ထုတ်ဝေသွားနိုင်မည်ဖြစ်ပါသည်။
ဤကဲ့သို့ လက်မှတ်ရေးထိုးခြင်းဖြင့် ဆရာ/ဆရာမများ၏ သုတေသနနှင့် သင်ကြားမှုဆိုင်ရာ အရည်အသွေးတိုးတက်သွားနိုင်မည်ဖြစ်ပြီး မိမိတက္ကသိုလ်အတွက် နိုင်ငံတကာနှင့် အမြင်ချင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှု အကျိုးရလဒ်များ ရရှိသွားမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် NMDC တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးနှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြပါသည်။
လက်မှတ်ရေးထိုးပွဲအခမ်းနားအပြီး ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီနှင့် SNU ဘက်မှ President, Mr Byung Woon Lee တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ပေးအပ်ခဲ့ကြပြီး တက္ကသိုလ်နှစ်ခုကြား အမှတ်တရသမိုင်းဝင် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။