Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ကြံ့နှစ်ကောင် Foundation မှ သင်ထောက်ကူပစ္စည်း MAXHUB All-in-one LED Displays (75 inches) ပေးအပ်ပွဲကျင်းပ


29 Jul,2024

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၉.၇.၂၀၂၄) ရက် နေ့၊ နံနက်ပိုင်း (၁ဝး၀၀) နာရီ၌ ကြံ့နှစ်ကောင် Foundation မှ Teaching Aids , Interactive Flash Panel အဖြစ် အသုံးပြုရန် MAXHUB All-in-one LED Displays (75 inches) ပေးအပ်ပွဲကို Conference Room တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်းနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန)တို့မှ ဌာနမှူးများ၊ အားမာန်သစ် ကုမ္ပဏီ ကြံ့နှစ်ကောင်‌ Foundation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားရာတွင် သင်ထောက်ကူပစ္စည်း MAXHUB All-in-one LED Displays (75 inches) ပစ္စည်း လှူဒါန်းပေးအပ်သည့်အတွက် တက္ကသိုလ်၏ သင်ကြားရေး ကဏ္ဍများဖြစ်သည့် E-Learning, Learning Management System, Webinar, Seminar, Workshop များတွင် အဆင်ပြေစွာ အကျိုးရှိရှိ အသုံးပြုနိုင်ရုံသာမက ရုံးလုပ်ငန်းပိုင်းတွင်လည်း Virtual Meeting, Video Conferencing များတွင်ပါ များစွာ အကျိုးရှိသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ အားသစ်မာန် ကုမ္ပဏီအနေဖြင့် တိုင်းအကျိုး၊ ပြည်အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက် ပံ့ပိုးနိုင်သော ကုမ္ပဏီ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ပါသည်။ 

ဆက်လက်၍ အားသစ်မာန်ကုမ္ပဏီ၊ Deputy General Manager ဒေါ်စန္ဒီမှ လှူဒါန်းရသည့် အကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက်  အားသစ်မာန်ကုမ္ပဏီ၊ Assistant Sale Manager ဒေါ်မေသူဂျွန်မှ MAXHUB All-in-one LED Displays (75 inches) အသုံးပြုပုံနှင့် Functions များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် အားသစ်မာန် ကုမ္ပဏီ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူမှ ပါမောက္ခချုပ်ထံသို့ သင်ထောက်ကူ ပစ္စည်း MAXHUB All-in-one LED Displays (75 inches) ပေးအပ်လှူဒါန်းခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အားသစ်မာန် ကုမ္ပဏီ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်း ပြန်လည်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပြီး နေ့လည်(၁၁းဝဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm