Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ မိုးရာသီအားကစား(ဖူဆယ်)ပြိုင်ပွဲ ၊ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


23 Jul,2024

တက္ကသိုလ်ဘောလုံးအားကစားကွင်း

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၂၃.၇.၂၀၂၄)ရက်နေ့ ညနေ (၁၅း၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးရာဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများစုံစုံ  ညီညီတက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနိုင်မခံအရှုံးမပေးဖြင့် အသင်းအဖွဲ့စိတ်ဓါတ် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ပေါက်ဖွားပြီး နိုင်ငံတော်မှ အားထားရသည့် မိမိတက္ကသိုလ်ရဲ့ဂုဏ်ကို ဆောင်နိုင်သော ပြည်သူများကို အလုပ်အကျွေးပြုနိုင်သည့် ဗလ(၅)တန်နှင့်ပြည့်စုံသော စွမ်းရည်ပြည့်ဝသော စီးပွားရေးပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ထို့နောက် ဆုရရှိသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အသင်းများနှင့် ဘောလုံး(ဖူဆယ်)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသား ဘောလုံးအသင်းများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ် (သင်ကြား)နှင့် ပါမောက္ခဌာနမှူးများမှ ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm