Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင်ပြုလုပ်ခဲ့သော အခြေခံငါးမွေးမြူရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲအခမ်းအနားကျင်းပ


25 Jul,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၅.၇.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ အား အခြေခံငါးမွေးမြူရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ ကထိက(ဌာနမှူးများ) (စီမံ၊သင်တန်းနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန) တို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ ဦးမြင့်လေး(ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင်  ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် ငါးမွေးမြူရေးလုပ်ငန်းသည် အရေးပါသည့်အပြင် စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အပံ့တစ်ခုဖြစ်သည့်အတွက် ငါးမွေးမြူရေး အခြေခံအသိပညာများကို လက်တွေ့ အသုံးချနိုင်အောင် လေ့လာမှတ်သား၍ ဘက်စုံထူးချွန်ပြီး တက္ကသိုလ်မှ အားထားရသည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ စစ်ကိုင်းခရိုင်၊ ငါးမွေးမြူရေးဦးစီးဌာနမှ ခရိုင်ဦးစီး ဌာနမှူး ဦးရဲထွန်းနိုင် (ဒုတိယညွှန်ကြားရေးမှူး)မှ အခြေခံငါးမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာသူများမှ သိလိုသည်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် နေ့လည်(၁၁းဝဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm