Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း)" တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် တက္ကသိုလ်မိသားစုဝန်ထမ်းသား/သမီးများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကျင်းပ


17 Jul,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၇.၂၀၂၄)ရက်နေ့ ညနေ (၃း၃၀)နာရီ အချိန် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်ဝင် ဂုဏ်ထူးရ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း နှင့် ဝန်ထမ်းသား/သမီးများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားကို သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါ‌မောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါ‌မောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းသား/သမီးများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် ဘက်စုံထူးချွန် ထက်မြက်ပြီး မိဘ၊ဆရာကျေးဇူးသိတတ်သော၊ အနာဂတ်တွင် တိုင်းပြည်မှ အားကိုးအားထားရသော သားကောင်းသမီးကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီးနောက် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ(၅)ဦး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့သည့်ကျောင်းသားတစ်ဦး၊ Grade 12 (၂)ဦး၊ Grade 11 (၄)ဦး၊ Grade 10 (၁)ဦး၊ Grade 9(၄)ဦး၊ Grade 7(၄)ဦး၊ Grade 6(၈)ဦး၊ Grade 5 (၃)ဦး၊ Grade 4 (၁၄)ဦး၊ Grade 3 (၁၀)ဦး၊ Grade 2 (၈)ဦး၊ Grade 1 (၁၄)ဦး၊ KG (၁၅)ဦး စုစုပေါင်း(၉၁)ဦး တို့အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါ‌ မောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီး ပေးအပ်ခဲ့ကြပါသည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူ မိဘတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြခဲ့ပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm