Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း


04 Jul,2024

 ဇူလိုင် ၄
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ နံနက် (၇:၃၀) နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သစ်တော ဦးစီးဌာနမှကြီးကြပ်ပြီး ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ မြို့တော်ဝန်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ/သင်ကြား)များ၊ သင်ကြား/စီမံ (၁၄)ဌာနမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သန်လျင်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၉၀)ဦး တက်ရောက် ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်၊ မြို့ပြများ စိမ်းလန်းစိုပြည်သန့်ရှင်းလှပစေရန်၊ ပြည်သူများ ကျန်းမာပျော်ရွှင်ရေးအတွက် အပန်းဖြေနားနေစရာ စိမ်းလန်းမြေများဖွံ့ဖြိုးလာစေရန်၊ သစ်တောဂေဟ စနစ်များနဲ့ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်ရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် “သစ်ပင်စိုက်ပျိုးပွဲများကျင်းပကာ စိမ်းလန်း သာယာသည့်မြို့တော်အဖြစ် ထာဝရဂုဏ်ယူနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် တစ်ထောင့်တစ်နေရာက ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြရန်” လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ တက္ကသိုလ်ပင်မလမ်းဘေးယာဘက်ခြမ်းရှိ မြေ(၅)ဧကပေါ်တွင် အပင်အမျိုးအစား (၁၃)မျိုး ဖြစ်သည့် မယ်ဇယ် (၉၇)ပင်၊ ခရေ (၅၀၀)ပင်၊ ပျဉ်းကတိုး (၅၂၂)ပင်၊ စိန်ပန်း (၂၅၁)ပင်၊ ပျဉ်းမ (၇၄၁)ပင်၊ မအူ (၃၁၅)ပင်၊ ပိတောက် (၂၃၉)ပင်၊ ကံ့ကော် (၁၄၂)ပင်၊ မဟော်ဂနီ (၆၈၅)ပင်၊ ပင်လယ်ကဗွီး (၂၅၉)ပင်၊ တရုတ်တယ် (၂၁၂)ပင်၊ မာလာလူးကား (၆၃၂)ပင်၊ မန်ဂျန်ရှား (၆၀၇)ပင်၊ စုစုပေါင်း (၅၂၀၂)ပင်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမှ ဦးဆောင်စိုက်ပျိုးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm