Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အကြိုစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ


20 Jun,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၀.၆.၂၀၂၄)ရက်နေ့ နေ့လည်ပိုင်းက (၆.၇.၂၀၂၄)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အကြို  “လူမှုစီးပွားမြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။

အဆိုပါ စာမေးပွဲ ကျင်းပ‌နေသည့်အခြေအနေအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ ဦးငွေမိုးထွန်း(သင်တန်းရေးရာဌာနမှူး)၊  ဒေါ်အေးစိုးဝင်း(တွဲဖက်ပါမောက္ခ၊ဌာနမှူး၊မြန်မာစာဌာန)နှင့် မော်ကွန်းထိန်းတို့က လှည့်လည်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အကြို “လူမှုစီးပွားမြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm