Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျန်းမာရေးဝန်ကြီးဌာန၊စစ်ကိုင်း တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ကြီးမှူးကျင်းပသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ


20 Jun,2024

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် (၁ဝး၀၀)နာရီအချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန မှ ကြီးမှူးကျင်းပသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေး ဌာနဌာနများမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်း၊ သုတေသန နှင့် ဖွံ့ဖြိုးမှုဌာန)များမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်း အနားတွင် ဒုတိယပါမောက္ခချုပ် (စီမံ)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသ ကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ယုမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ‌ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာန ခွဲမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်အိအိထွန်းမှ အစားအသောက်များ ‌ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာနှင့် ပတ်သက်၍ လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါး ဌာနခွဲမှ ဦးစီးအရာရှိ(ဆေးဝါး၊ဆေးပစ္စည်း၊အလှကုန်) ဦးဇော်မင်းနိုင်မှ ဆေးဝါးများအကြောင်း သိ ကောင်းစရာများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။ 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်များ ‌ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာနှင့် ဆေးဝါးများအကြောင်း သိကောင်းစရာတို့နှင့် ပတ်သက်သော မေးခွန်းများ မေးမြန်းခဲ့ပြီးနောက်  မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကို အမှတ်တရလက်‌ဆောင်များ ချီးမြှင့် ပေးအပ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် စားသုံးရန်/ အသုံးပြုရန် မသင့်သည့် အစားအသောက်၊ဆေးဝါးနှင့် အလှကုန်ပစ္စည်းများစာရင်း စာအုပ်ကို ဒုတိယပါမောက္ခချုပ်(စီမံ) သို့ပေးအပ်ခဲ့ပါသည်။ ထို့နောက်မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ကြပြီး နေ့လည် (၁၂း၀ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီး‌ေမြာက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm