Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသုတေသန Project စာတမ်းလက်စွဲပြုစုရေး သင်ကြားရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


06 Jun,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းလက်စွဲပြုစုရေး သင်ကြားရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို Conference Room ၌ (၆.၆.၂၀၂၄)ရက်နေ့ နံနက်(၁ဝး၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှ ဌာနမှူး၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း နှင့် သက်ဆိုင်ရာ ဘာသာရပ် ဌာနမှူးများ၊ သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနမှူးများ၊ သမဝါယမ ကောလိပ်(မန္တလေး)မှ ‌ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ ဌာနမှူးများ၊ ယွန်းပညာ ကောလိပ်(ပုဂံ) မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာ ဌာနမှူးများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ဘွဲ့ကြိုသုတေသနစာတမ်းသည် ဘွဲ့ရတော့မည့် စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူများအတွက် သုတေသန Project တစ်ခုကို ရေးသားရန် Guideline တစ်ခုဖြစ်သည့်အတွက် ပြည့်ပြည့်စုံစုံ သေသေချာချာ စိစစ်ပေးကြရန် လိုအပ်ပါကြောင်း၊ Fourth Year များအတွက် Term Paper ရေးသားဖို့ရန် အခက်အခဲများစွာရှိနိုင် သည့်အတွက် ကျောင်းသား/ကျောင်းသူများကို အနီးကပ်ပြောပြရန် ကျမ်းကြီးကြပ်သူ Supervisor များ၏ အခန်းကဏ္ဍမှာလည်း အထူးအရေးပါလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာကြည်ကြည်ဝင်းနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမပညာဌာနမှ ပါမောက္ခ၊ဌာနမှူး ဒေါ်ခင်အေးမာတို့မှ ဘွဲ့ကြိုသင်တန်းလက်စွဲနှင့် ပတ်သက်ပြီး အသီးသီး တင်ပြချက်များအပေါ် တက်ရောက်လာကြသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကောလိပ်များမှ ကျောင်းအုပ်ကြီးများမှ ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီးနောက် နေ့လည် (၁၂း၀၀) နာရီ အချိန်တွင်အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm