Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Teacher’s Capacity Building Training (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


28 May,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training)(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၈.၅.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ၊ဆရာမ(၂၅)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ဤတက္ကသိုလ်သည် ဘက်စုံဖွံ့ဖြိုးမှု၊ ခေါင်းဆောင်မှုနှင့် အသိပညာအတတ်ပညာများကို ဖြန့်ဝေပေးသည့် သင်ကြားမှုဝန်းကျင်ကောင်းများရှိသည့် တက္ကသိုလ်အဖြစ်ရပ်တည်လာသည်မှာ (၁၂)နှစ်ကျော် လာခဲ့ပြီဖြစ်ကြောင်း၊ Education Sector တွင် သင်ကြား၊သင်ယူမှုမှာ Blended Learning System အသုံးပြုနေသည့်အတွက် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာပညာရပ်များနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုတို့သည် အလွန်အ‌ရေးပါလာပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးခဲ့သော ဘာသာရပ်များမှ ရရှိလာသော အသိပညာ၊ အတတ်ပညာများသည် ဆရာ၊ဆရာမတို့ Professional Life အတွက် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ရရှိသွားနိုင်ပြီး အထောက်အပံ့ ကောင်းများ ရရှိနိုင်မည်ဖြစ်သဖြင့် Continuous Learning  လုပ်ဆောင်သွားကြရန်လိုအပ်‌‌‌‌ကြောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသိပညာ၊ အတတ်ပညာများကို ပြန်လည်အသုံးချသွားရန် အတွေ့အကြုံကောင်းများကို ဖလှယ်ပေးကြရန် တိုက်တွန်းမှာကြားပါကြောင်းနှင့် အနာဂတ်ပညာရေးတွင် မရှိမဖြစ် လိုအပ်သော ICT နည်းပညာများ၊ Language Learning and teaching, Communication Skills များ ကျွမ်းကျင်သော ၊နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြာင်းတို့ကို ပြောကြားခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ သင်တန်းတွင် ထူးချွန်ဆု-ဒုတိယဆုနှင့် တတိယဆုများ ရရှိခဲ့သည့် သင်တန်းသူ(၂)ဦးတို့ကို ဒုတိယပါမောက္ခချုပ်(စီမံ)မှ လည်းကောင်း၊ ပထမဆု ရရှိခဲ့သည့် သင်တန်းသူ(၁)ဦးကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးသို့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ သင်တန်းတွင် သင်ကြားပေးခဲ့သော ICT ဌာန နှင့် အင်္ဂလိပ်စာဌာနတို့မှ ပါမောက္ခဌာနမှူး၊ ခေတ္တဌာနမှူးနှင့် ကထိကများအား ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီနှင့် ဒုတိယပါမောက္ခချုပ်(စီမံ)တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training) (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm