Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂၀၂၄)၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးမည့် Assessment System နှင့် စတုတ္ထနှစ်ဘွဲ့ကြိုသင်တန်း Term/Project Paper များ နှင့် ပတ်သက်သည့် သင်ကြားရေးအဖွဲ့ (BOS) အစည်းအဝေး ကျင်းပခြင်း


17 May,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁/၂၀၂၄)၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် ပြောင်းလဲကျင့်သုံးမည့် Assessment System နှင့် စတုတ္ထနှစ်ဘွဲ့ကြိုသင်တန်း Term/ Project Paper များနှင့် ပတ်သက်သည့် သင်ကြားရေးအဖွဲ့ (BOS) အစည်းအဝေး အခမ်းအနားကို Conference Room ၌ (၁၆.၅.၂၀၂၄)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှ ဌာနမှူး၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် သက်ဆိုင်ရာ ဘာသာရပ် ဌာနမှူးများ၊ သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနမှူးများ၊ သမဝါယမကောလိပ် (မန္တလေး)မှ ‌ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ ဌာနမှူးများ၊ ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနမှူးများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် အထူး ပြု ဘာသာရပ်(၅)ခု၏ ဘာသာရပ်ဌာနမှူးများက ဘာသာရပ် အလိုက်ပြုခဲ့သည့် သင်ရိုးညှိနှိုင်း အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအား တင်ပြ အတည်ပြုချက်ရယူမည် ဖြစ်ပါကြောင်း၊ BOS အစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုပြီးသော သင်ရိုးညွှန်းတမ်းများကို ၂၀၂၄-၂၀၂၅ ဇွန်လတွင် ဖွင့်လှစ်မည့် ပညာသင်နှစ်မှ စတင်အသုံးပြုမည်ဖြစ်ပါကြောင်း၊ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်၊ ကောလိပ်များ ရေရှည်ရပ်တည်နိုင်ရေး အတွက် စည်းစည်းလုံးလုံး ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြား ဆွေးနွေးခဲ့ပြီးနောက် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် အစည်းအဝေး အခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ တက္ကသိုလ်၊ ကောလိပ်များမှ ဘာသာရပ် ဌာနမှူးများမှ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် နေ့လည်(၁း၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm