Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Electronic Document Management System – EDMS (Version အသစ်) အသုံးပြုနည်း User သင်တန်းဖွင့်ပွဲကျင်းပ


11 Nov,2026

နေပြည်တော် နိုဝင်ဘာ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဌာနခွဲဝန်ထမ်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် ထိရောက်စွာဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး၊ စာရွက်စာတမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးနှင့် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် Electronic Document Management System – EDMS (Version အသစ်) အသုံးပြုနည်း User သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းထွဋ်၊ ဌာနခွဲများမှ တာဝန်ခံများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သား စုစုပေါင်း (၂၆) ဦး တက်ရောက်ကြသည်။

ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းထွဋ်က အမှာစကားပြောကြားရာတွင် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် “Electronic Document Management System – EDMS စနစ်ကို အစိုးရအဖွဲ့အစည်းများအားလုံး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စမ်းသပ်အသုံးပြုနိုင်ရေးနှင့် ဒီဇင်ဘာလ တတိယပတ်တွင် တစ်ပြေးညီ အသုံးပြုနိုင်ရေး Work Plan အတိုင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်” လမ်းညွှန်ဆုံးဖြတ်ခဲ့ ပါကြောင်း၊ အဆိုပါသတ်မှတ်ကာလ လျာထားချက်အရ ဝန်ကြီးဌာနများအနေဖြင့် EDMS Version အသစ်ကို မဖြစ်မနေအသုံးပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ EDMS Version အသစ်တွင်ပါဝင်သည့် စာရွက်စာတမ်းများ ပေးပို့ခြင်း၊ လက်ခံခြင်း၊ စိစစ်ခြင်း၊ မှတ်ချက်ပြုခြင်းနှင့် အဆင့်ဆင့် တင်ပြ ဆောင်ရွက်ခြင်းတို့ကို ဌာနခွဲများမှ သက်ဆိုင်ရာဝန်ထမ်းများအားလုံး ကောင်းစွာနားလည်ပြီး လက်တွေ့အသုံးပြုနိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးမည့် အကြောင်းအရာများကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် လက်တွေ့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်ကုန်သက်သာစေခြင်း၊ ပိုမိုမြန်ဆန်မှန်ကန်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ သင်တန်းသူ/သားများ အနေဖြင့် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ်တတ်မြောက်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

နိဂုံးချုပ်အနေဖြင့် သင်တန်းသူ/သားများ လိုက်နာရမည့် စည်းကမ်းချက်များအား အသေးစိတ် ရှင်းလင်းပြောကြားပြီး သင်တန်းမှ သင်ကြားပို့ချမည့် ပညာရပ်များကို အလေးထားလေ့လာ သင်ယူ ကြရန်၊ မိမိတို့၏သက်ဆိုင်ရာဌာနခွဲများတွင် ပြန်လည်မျှဝေပေးကြရန်နှင့် နေ့စဉ်ရုံးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် အမှန်တကယ် အသုံးချဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်