နေပြည်တော် နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများတွင် တာဝန် ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း) တို့မှ ကျောင်းဆင်းဝန်ထမ်းများအား လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသူ/သားများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို သိရှိခွင့်ရခဲ့ပြီဖြစ်သည့်အတွက် တာဝန်ကျရာနေရာများတွင် မိမိရာထူးနှင့် လျော်ညီသည့် တာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ရင်း မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် နိုင်ငံတော်၏ ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပါတီနိုင်ငံရေးကင်းရှင်းရန်နှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ များကို မပျက်မကွက် လေးစားလိုက်နာကြရန် မှာကြားပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့မှ ကျောင်းဆင်းဝန်ထမ်း (၇၈) ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်