မကွေးမြို့နယ် ကန်သာကြီးကျေးရွာ၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုမဖြစ်ပေါ် စေရေး အသိပညာပေးဟောပြော
-------------------------------------------------------------------------------------------------------------------
မကွေး ၊ နိုဝင်ဘာ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် သောက်သုံး ရေရှားပါးမှုများ မဖြစ်ပေါ်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကန်သာကြီး ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေမာမာအောင်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး ရေရှားပါးခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များ၊ သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန်များကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် ရေကို လိုအပ်သလောက်သာသုံးစွဲကြရန် လိုက်နာရမည့် အချက်များအား အသိညာပေးပြောကြားသည်။
ထို့နောက် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သောက်သုံး ရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါဟောပြောပွဲသို့ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကန်သာကြီးကျေးရွာတာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်