Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “Social Enterprise Knowledge Connect Seminar” ဟောပြောပွဲကျင်းပ


28 Jan,2025

သန်လျင်၊ ဇန်နဝါရီ  ၂၈
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  “Social Enterprise Knowledge Connect Seminar” ဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် CC Educare Myanmar (Social Enterprise) မှ Managing Director ဒေါ်ချစ်အိမ်သူ က Social Enterprise Journey and Impact Sharing ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ပြီး Genius Shan Highlands Coffee (Social Enterprise) မှ Chief Operation Officer ဦးကျော်မင်းလွင်က Innovation of Myanmar Coffee Industry ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ယင်းနောက် ပါမောက္ခချုပ်က Managing Director ဒေါ်ချစ်အိမ်သူ နှင့် Chief Operation Officer ဦးကျော်မင်းလွင်တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်