Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ


16 Jan,2025

သန်လျင် ဇန်နဝါရီ ၁၆
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်“ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို ၁၆.၁.၂၀၂၅ (ကြာသပတေး)ရက်နေ့တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဥပဒေ ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာနိုင်ရေးအတွက် ယခုကဲ့သို့ ဥပဒေ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဥပဒေအနှစ်ချုပ် လက်ကိုင်စာအုပ်များ နှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြုစု၍ အရာထမ်း၊ အမှုထမ်းများ အားလုံးကို သင်တန်းများပို့ချသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဥပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး၊ ဒေါက်တာ သိင်္ဂီညိုမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ဆရာမများ နှင့်ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်