(၁) | ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန်နှင့် ကျေးလက်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ပေးရန်၊ |
(၂) | ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်နိုင်သည့် သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် အောင်မြင်စေရေးဆောင်ရွက်ရန်၊ |
(၃) | ထုတ်ကုန်များကို သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်သူများ အတွက် အကျိုးများစွာဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်၊ |
(၄) | အရည်အသွေးမီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေး အားပေး ဆောင်ရွက်ရန်၊ |
(၅) | လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ အလှူရှင်များနှင့် ချိတ်ဆက်ရယူပြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် သမဝါယမကဏ္ဍနှင့် ပြည်တွင်း ကုန်ကြမ်းအခြေခံတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများကို ပံ့ပိုးကူညီမြှင့်တင်ပေးရန်၊ |
(၆) | သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ INGO/NGO များ၊ ဒေသခံပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ |
(၇) | သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။