(၁) | ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးတက် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (RevolvingFund)၊ အသေးစားချေးငွေ (Microfinance)၊ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ (Block Grant) များ ရရှိရေး အားပေးကူညီ ဆောင်ရွက်ပေးမည်၊ |
(၂) | အသေးစားစက်မှုလက်မှုပစ္စည်းများ လွယ်ကူစွာရယူသုံးစွဲနိုင်ရန်အတွက် အဖွဲ့အစည်း များ၊ ဘဏ်များ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ အရစ်ကျစနစ် ဖြင့် ရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်၊ |
(၃) | သမဝါယမကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍနှင့် အသေးစားစက်မှုလက်မှုကဏ္ဍ များ တိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပမှ အကူအညီများ၊ အထောက်အပံ့များ၊ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးဆောင်ရွက်သွားမည်။ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။