(၁) | ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးမည်၊ |
(၂) | ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး တို့အတွက် အစီအမံများထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည်၊ |
(၃) | ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးအပြင် ကျား - မ တန်းတူညီမျှမှုရှိရေးတို့ကို ဦးစားပေးထည့်သွင်းဆောင်ရွက်သွားမည်၊ |
(၄) | ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသည့် ကျေးလက်လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာ စေရေးကူညီဆောင်ရွက်သွားမည်။ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။