(၁) | စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကျေးလက်လမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ၊ ကျေးရွာတွင်းလမ်းတံတားများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးမည်၊ |
(၂) | ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊ |
(၃) | အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်နှင့်အညီ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးမည်၊ |
(၄) | အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အိုးအိမ်ပျက်စီး သွားသော ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသအိမ်ရာများ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊ |
(၅) | ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးမည်၊ |
(၆) | ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင် (Environmental and Social Management Framework) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။ |
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။