Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း

05 Jul,2024

 

မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း

၁။           ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၇-၂၀၂၄ မှ ၁၅-၈-၂၀၂၄ ရက်ထိ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည် -

(က)

ယူရီးယား(အလုံးကြီး)

၅၀ ကီလိုတစ်အိတ်

၇၃၀၀၀ ကျပ်

( ခ)

Rock Phosphate အခြေခံ                  ၁၅ ပတ်လည်

၅၀ ကီလိုတစ်အိတ်

၁၀၀၀၀၀ ကျပ်

( ဂ)

Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည်

၅၀ ကီလိုတစ်အိတ်

၁၁၅၀၀၀ ကျပ်

(ဃ)

Complex ၁၅ ပတ်လည်

၅၀ ကီလိုတစ်အိတ်

၁၂၂၀၀၀ ကျပ်

 ၂။           အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။

၃။           ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။

၄။           အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

              (က)  ဦးဆောင်ကော်မတီ            ၀၆၇-၄၁၀၀၃၂

              ( ခ)   MFSPEA အသင်း               ၀၉-၈၈၃၃၅၃၃၅၈

 

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ


မြေဩဇာရည်ညွှန်းဈေးနှူန်းများ.pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm