နွေရာသီရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် အသိပေးတင်ပြခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် နှစ်စဉ်နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင်စာရင်းကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရန်နှင့် သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်း ပေးရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ နွေရာသီရေပြတ်လပ်မှုများဖြစ် ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် အချက်အလက်များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် www.water-donation.com Website အားထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။
သောက်သုံးရေပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှတဆင့် သက်ဆိုင်ရာကျေးရွာအသီးသီးသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားပြီးဖြစ်သည့်အတွက် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်ပါက ဖုန်း၊ Facebook ၊ Viber ၊ Messenger စသည့် ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပြီးဖြစ်ပါသည်။
ထို့အပြင် www.water-donation.com Website သို့ ဝင်ရောက်ကြည့်ရှု၍လည်းကောင်း မိုဘိုင်းဖုန်းများ၌ အသုံးပြုနိုင်သော Water-Donation Mobile Application ဖြင့်လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။ အဆိုပါ Water-Donation Mobile Application အား ဖော်ပြပါ Website တွင် အလွယ်တကူ ရယူအသုံးပြုနိုင်ပါကြောင်းနှင့် ကျေးရွာများ၌ ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန များနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါ ကြောင်း အသိပေး အပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။