ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နေပြည်တော်
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
၁။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၄-၆-၂၀၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) နှင့် အငယ်တန်းအင်ဂျင်နီယာ-၄(မြို့ပြ) ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်-
(က) ရေးဖြေစာမေးပွဲ
(၁) စာမေးပွဲဖြေဆိုရမည့်ရက် - ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်(တနင်္ဂနွေနေ့) နံနက်(၈:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ၊
(၂) ဖြေဆိုရမည့်ဘာသာရပ်များ - မြန်မာစာ + အင်္ဂလိပ်စာ+အထွေထွေဗဟုသုတ
( ခ ) လူတွေ့စစ်ဆေးမည့်ရက် - ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်(တနင်္ဂနွေနေ့) မွန်းလွဲ (၁၃:၀၀)နာရီ
၂။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို (၇-၉-၂၀၂၃)ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲကျင်းပပြုလုပ်မည့်စာစစ်ဌာနများနှင့် တည်နေရာအား သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။
၃။ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်၊ နံနက် (၇:၃၀) နာရီအရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့်ကဒ်ပြားနှင့် အတူ လာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့ အချိန်နောက်ကျ ရောက်ရှိလာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။