ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် နောက်ဆုံးနှစ်ဘွဲ့စာမေးပွဲများကိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် မဟာဘွဲ့စာမေးပွဲများကိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဘွဲ့အပ်နှင်း ချီးမြှင့်ရန်အတွက် အဋ္ဌမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘွဲ့နှင်းသဘင်တက်ရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်သည်-
အပ်နှင်းမည့်ဘွဲ့များ
(က) မဟာဘွဲ့များ
( ခ ) စီးပွားရေးသိပ္ပံဘွဲ့များ
ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်
အစမ်းလေ့ကျင့်မည့်ရက် - ၂၃-၂-၂၀၂၃(ကြာသပတေးနေ့) နံနက်(၀၉:၀၀)နာရီ
ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် - ၂၅-၂-၂၀၂၃(စနေနေ့) နံနက်(၀၉:၀၀)နာရီ
ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ - သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
မှတ်ချက်။ (၁) ဘွဲ့နှင်းသဘင်ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲတွင် ကြေညာပေးမည်
ဖြစ်ပါသည်။
(၂) ဘွဲ့လျှောက်လွှာများကို ၂-၂-၂၀၂၃ ရက်မှ ၈-၂-၂၀၂၃ ရက်အတွင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲတွင်
သတ်မှတ်ထားသော ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံထုတ်ယူ၍ လျှောက်ထားရမည်။
(၃) တစ်လအတွင်း မြန်မာဝတ်စုံဖြင့် ရိုက်ကူးထားသော (၂လက်မ x ၁လက်မခွဲ) ဓာတ်ပုံ (၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူတင်ပြလျှောက်ထားရမည်။
(၄) ဘွဲ့နှင်းသဘင်တက်ရောက်ဘွဲ့ယူကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့အပ် နှင်းသည့်ရက်များတွင် ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဝတ်စားဆင်ယင်ကြရန်
ဖြစ်ပါသည်။ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား)တို့ကို အပြည့်အစုံဝတ်ဆင်သူများကိုသာ ဘွဲ့နှင်းသဘင်အခမ်းအနား
(အစမ်းလေ့ကျင့်ပွဲအပါအဝင်)သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
(၅) ဘွဲ့ဝတ်စုံငှားရမ်းခွင့်ထောက်ခံစာ၊ ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့်ပြုသည့် လက်မှတ်နှင့် ဧည့်လက်မှတ်များကို ၂၀-၂-၂၀၂၃ ရက်နေ့နှင့် ၂၁-၂-၂၀၂၃ ရက်နေ့
များတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) သင်တန်းရေးရာဌာန၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲသို့ ကိုယ်တိုင်လာရောက်ထုတ်ယူရန်ဖြစ်သည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။