သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိသမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင်လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၅၂)နေရာအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိသမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင်လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၅၂)နေရာတို့တွင်အောက်ပါပညာအရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်သည်-
စဉ် |
ခန့်ထားမည့် နေရာနှင့် ဦးရေ |
ဘွဲ့အလိုက် ခန့်ထားမည့် ဦးရေ |
ပညာ အရည်အချင်း |
၁။ |
သမဝါယမကောလိပ် |
(၂) |
M.Econ(Eco), MPA, MSEM, MRD |
|
(ဖောင်ကြီး)-(၇)ဦး |
(၂) |
M.Com, M.Act, MAF, MBA, MMM |
|
|
(၁) |
M.A(Myan) |
|
|
(၁) |
MPS, M.Sc(Stats), MAS |
|
|
(၁) |
M.A(Geog) |
၂။ |
သမဝါယမကောလိပ် |
(၁) |
M.Com |
|
(မန္တလေး)-(၂)ဦး |
(၁) |
M.Sc(Maths) |
၃။ |
သမဝါယမစာရင်းရေး၊ |
(၆) |
B.Econ(Eco), B.B.Sc(SEM), B.B.Sc(RD) |
|
စာရင်းကိုင်သက်မွေးပညာ |
(၃) |
BBM, BBA, B.B.Sc(MM) |
|
သင်တန်းကျောင်း-(၄၃)ဦး |
(၁၀) |
B.Com, B.Act, BBM, B.B.Sc(AF) |
|
(တောင်ကြီး၊ မကွေး၊ |
(၇) |
B.C.Sc, B.Sc(Computer Science) |
|
ပုသိမ်၊ မော်လမြိုင်၊ |
(၄) |
B.A(Myan) |
|
မန္တလေး ) |
(၆) |
B.A(Eng) |
|
|
(၇) |
B.Sc(Maths) |
|
|
|
(ဘွဲ့အလိုက် မဟာဘွဲ့ရရှိသူ၊ မဟာဘွဲ့တက်ရောက်ရန်အဆင့်မီသူများအားဦးစားပေးမည်။) |
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) (၃၁-၁-၂၀၂၃)ရက်နေ့တွင်ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါကအသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါက ဌာနတွင်အနည်းဆုံး(၅)နှစ်တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရမည်။
(င) သမဝါယမကောလိပ် (ဖောင်ကြီး၊ မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)သို့ ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။
(စ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့(၃-၂-၂၀၂၃)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။
(ဆ) လျှောက်လွှာများကိုသမဝါယမဦးစီးဌာန(ရုံးချုပ်)-နေပြည်တော်၊ သမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတည်ရှိရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့(၃-၂-202၃)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမည်။
၃။ လျှောက်လွှာတွင် ဖြေဆိုလိုသည့် ကောလိပ်/သင်တန်းကျောင်းအား ထင်ရှားစွာ ဖော်ပြ ရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူအောက်ဖော်ပြပါစာရွက်စာတမ်းများကိုပူးတွဲတင်ပြရမည် -
(က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
(ဂ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့်ပြစ်မှုကင်းရှင်းကြောင်းကိုသက်ဆိုင်ရာရပ်ကွက်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ထောက်ခံချက်မူရင်း[လွန်ခဲ့သော(၁)လအတွင်း]
(ဃ) နိုင်ငံ့ဝန်ထမ်းများအတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာနထောက်ခံချက်
(င) ကျန်းမာကြောင်းဆေးထောက်ခံစာ
(စ) ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ[လွန်ခဲ့သော (၁)လ ခန့်အတွင်း]
၄။ ရေးဖြေစာမေးပွဲကို သမဝါယမကောလိပ်/သင်တန်းကျောင်းများတွင် (၁၁-၂-၂၀၂၃)ရက်နေ့၌ပြုလုပ်သွားမည်ဖြစ်ပြီးဖြေဆိုရမည့်ဘာသာရပ်များမှာမြန်မာစာ၊အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတတို့ဖြစ်ပါသည်။(၉-၂-၂၀၂၃)ရက်နေ့မှစတင်၍ ရေးဖြေဖြေဆိုခွင့်ကတ်ပြားထုတ်ပေးခြင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ရေးဖြေအောင်မြင်သူများအမည်စာရင်းကိုသက်ဆိုင်ရာကောလိပ်/တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်ကြေညာပေးမည်ဖြစ်ပြီးရေးဖြေအောင်မြင်သူများအားလူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့်သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသောလျှောက်လွှာများကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။အသေးစိတ်သိရှိလိုပါက ဖောင်ကြီးကောလိပ် ၀၉-၄၅၁၁၅၃၆၆၄/၀၉-၄၅၂၄၂၆၉၁၂၊ မန္တလေးကောလိပ် ၀၂-၅၇၁၉၆၊ ရှမ်းပြည်နယ်ရုံး ၀၉-၄၀၁၇၀၄၅၄၀၊မကွေးတိုင်းရုံး ၀၉-၄၂၀၈၃၈၁၈၂၊ဧရာဝတီတိုင်းရုံး ၀၄၂-၂၁၂၁၃၊ မွန်ပြည်နယ်ရုံး 057-24684၊မန္တလေးတိုင်းရုံး 02-4039147၊သမဝါယမဦးစီးဌာန(ရုံးချုပ်) 067-3410336သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သမဝါယမဦးစီးဌာန
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။