၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းများ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဖွင့်လှစ်မည့် အောက်ပါသင်တန်းများသို့ တက်ရောက်လိုသူများလျှောက်ထားနိုင်ပါသည်-
စဉ် |
သင်တန်းကျောင်း |
သင်တန်းအမည် |
လက်ခံမည့် သင်တန်းသား ဦးရေ |
၁။ |
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ |
(က) ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ (၁)နှစ်သင်တန်း (ခ) ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း (ဂ) လက်ရက်ကန်း(၆)လသင်တန်း (ဃ) ရိုးရာလွန်းရာကျအချိတ်(၆)လသင်တန်း (င) ရွှေချည်ထိုး၊ ငွေချည်ထိုး(၃)လသင်တန်း |
၃၀ ဦး
၂၅ ဦး
၁၀ ဦး ၅ ဦး ၅ ဦး |
၂။ |
ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း (ဖလမ်း၊ မုံရွာ၊ ရွှေတောင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မုဒုံ၊ စစ်တွေ၊ တောင်ကြီး၊ မြစ်ကြီးနား၊ ဘားအံ၊ လွိုင်ကော်၊ ကျောက်မဲ၊ မင်းတပ်) |
(က) ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း |
၂၀ ဦး |
(ခ) လက်ရက်ကန်း(၆)လသင်တန်း |
၁၀ ဦး |
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။အမှတ်စဉ်(၁)(က)သင်တန်းအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ အမှတ်စဉ်(၁)(ခ)နှင့် (၂)(က) သင်တန်းများအတွက် အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ အမှတ်စဉ်(၁)(ဂ၊ ဃ၊ င)နှင့် (၂)(ခ)သင်တန်းများအတွက် အခြေခံပညာမူလတန်း အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ ) သင်တန်းအားလုံးအတွက် ၁-၁-၂၀၂၃ ရက်နေ့တွင် အသက်(၁၆)နှစ်ပြည့်ပြီး (၂၅)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။
(ဂ ) ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ(၁)နှစ်သင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်းအတွက် အရပ်အမြင့် (ကျား) ၅ ပေ ၁ လက်မ၊ (မ) ၄ ပေ ၁၁ လက်မ ရှိရမည်။ (ရက်ကန်းပညာရပ်ကို အမှန်တကယ်စိတ်ပါဝင်စားပြီး ပြန်လည်အသက်မွေးဝမ်းကျောင်းပြုမည့်သူများအား သတ်မှတ်အရပ်အမြင့်ရှိပါက အသက်ကန့်သတ်ချက် လျှော့ပေါ့၍ လက်ခံသွားမည် ဖြစ်သည်)
၃။ သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိနိုင်သော အခွင့်အလမ်းများမှာ-
(က) သင်တန်းတက်ရောက်လာသူများအား တစ်ဦးလျှင်ပညာသင်ထောက်ပံ့ကြေး လစဉ် ကျပ် ၃၀၀၀၀/-ချီးမြှင့်ခြင်း၊
(ခ) အိမ်ထောင်မရှိသူများကို အဆောင်အခမဲ့နေထိုင်ခွင့်ပြုခြင်း၊
(ဂ) ရေ၊ မီး အခမဲ့သုံးစွဲခွင့်ရရှိခြင်း၊
(ဃ) စားရိပ်သာကော်မတီမှ ကျောင်းသား/သူများ၏ စားသောက်ရေး စီစဉ်ဆောင်ရွက် ပေးခြင်း၊
(င) သင်ကြားမှုအထောက်အကူဖြစ်စေရန် ကျောင်းဝန်းအတွင်း Fiber Internet (Free) အသုံးပြုခွင့်ရရှိခြင်း၊
(စ) အိမ်ထောင်သည်များမိမိအစီအစဉ်ဖြင့်နေထိုင်တက်ရောက်နိုင်ခြင်း၊
(ဆ) သင်တန်းပြီးဆုံး၍ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူဖြစ်ပါက ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်းများ၌ နည်းပြများအဖြစ် အလုပ်အကိုင် ရရှိနိုင်ခြင်း
၄။ လျှောက်ထားလိုသူများသည် အထက်ပါကျောင်းများနှင့် အောက်ဖော်ပြပါရုံးများတွင် စုံစမ်းလျှောက်ထားနိုင်ပါသည်-
(က) အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ်၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် ဖုန်း ၀၆၇-၄၁၀၂၇၃၊ ၀၆၇-၄၁၀၂၄၀
(ခ ) တိုင်းဒေသကြီးနှင့် ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ(ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာကျောင်းများ)
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။