ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ကြေညာချက်
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါသင်တန်းများအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-
(က) ပထမနှစ်သင်တန်း(ဒုတိယနှစ်ဝက်)
(ခ) ဒုတိယနှစ်သင်တန်း(ဒုတိယနှစ်ဝက်)
(ဂ) တတိယနှစ်သင်တန်း(ဒုတိယနှစ်ဝက်)
(ဃ) စတုတ္ထနှစ်သင်တန်း(ဒုတိယနှစ်ဝက်)
(င) မဟာတန်းဒုတိယနှစ်(ဒုတိယနှစ်ဝက်-ကျမ်းပြု)
၂။ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်သင်တန်းသို့ ဝင်ခွင့် ရရှိသည့် ကျောင်းသား/ကျောင်းသူများစာရင်းအား (၂၇.၁၀.၂၀၂၂)ရက်နေ့၌ ဝန်ကြီးဌာန website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website www.ucms.edu.mm၊ Facebook Page: University of Co-operative and Management, Sagaing တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၇၂-၂၀၂၃၀၁၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။