သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အချိန်ပိုင်းသင်တန်းသားများခေါ်ယူခြင်း
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်အတွက် Certificate in Business Studies သင်တန်းအား ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထား နိုင်ပါသည်။
၂။ စတင်ဖွင့်လှစ်သင်ကြားမည့်နေ့ရက် - ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်
၃။ သင်တန်းကာလ - (၃)လသင်တန်း
၄။ သင်တန်းကြေး - (၁၀၀၀၀၀)ကျပ်
၅။ သင်တန်းသားသတ်မှတ်ချက် - အနိမ့်ဆုံးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူ
၆။ သင်ကြားမည့်စနစ် - Online (Zoom Cloud Meetings App.)
၇။ သင်ကြားမည့်နေ့ရက်/အချိန် - အပတ်စဉ် စနေ၊ တနင်္ဂနွေ(၂)ရက်
နံနက်(၁၀:၀၀)နာရီမှ ညနေ(၀၅:၀၀)နာရီထိ
၈။ သင်တန်းဖွင့်လှစ်မည့်နေရာ - သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ရွှေသမားရပ်၊စစ်ကိုင်းမြို့
၉။ သင်တန်းနှင့်ပတ်သက်သည့် လျှောက်လွှာပုံစံကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊သင်တန်းရေးရာဌာနတွင် (၁၆.၉.၂၀၂၂)ရက်နေ့မှစတင်၍ရယူလျှောက်ထားနိုင်ပါသည်။
၁၀။ Certificate in Business Studies သင်တန်း အောင်မြင်ပြီးပါက Certificate in Advanced Business Studies သင်တန်းဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
၁၁။ အသေးစိတ်သိရှိလိုပါက ဘောဂဗေဒဌာန (ဖုန်း၀၇၂-၂၀၂၃၀၂၂)
သင်တန်းရေးရာဌာန (ဖုန်း၀၇၂-၂၀၂၃၀၁၅/၀၇၂-၂၀၂၃၀၁၄) တို့သို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
ဌာနမှူး၊သင်တန်းရေးရာဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။