ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ကြေညာချက်
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အောက်ဖော်ပြပါ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
စဉ် သင်တန်းနှစ် ဖွင့်လှစ်မည့်နေ့ရက်
(က) ဒုတိယနှစ်သင်တန်း(ပထမနှစ်ဝက်) ၁၅.၉.၂၀၂၂
(ခ) တတိယနှစ်သင်တန်း(ပထမနှစ်ဝက်) ၁၅.၉.၂၀၂၂
(ဂ) မဟာတန်းဒုတိယနှစ်(ပထမနှစ်ဝက်) ၁၅.၉.၂၀၂၂
မှတ်ချက်။ ၂၀၁၉-၂၀၂၀ပညာသင်နှစ်မှ ကျောင်းလာရောက် တက်ရောက်ခဲ့ခြင်းမရှိသည့် ဒုတိယနှစ်သင်တန်း၊ တတိယနှစ်သင်တန်းနှင့် မဟာတန်းဒုတိယနှစ်သင်တန်း များမှ ကျောင်းသား/ကျောင်းသူများသည် ယခုနှစ်တွင်ဖွင့်လှစ်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ပထမနှစ်ဝက်မှ စတင်၍ ကျောင်းအပ်နှံ တက်ရောက်နိုင်ပါသည်။
၂။ အသေးစိတ်သိလိုသောအချက်အလက်များကိုဝန်ကြီးရုံး website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 072-2023015 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။