Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


11 Apr,2024

နေပြည်တော် ဧပြီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝါစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရန် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစု၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေ ရရှိရေးအတွက်လည်း သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ယခင်နှစ် ဝါစိုက်ပျိုး‌ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ယခုနှစ် လျာထားဆောင်ရွက်‌နေမှုများ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၈) အထည်စက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာရာ စက်ရုံတာဝန်ခံက စက်ရုံလည်ပတ်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် သမဝါယမစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့် ဝါများကို နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၌ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်း‌ပေါင်းစပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားကာ စက်ရုံအတွင်း ဝါဂွမ်းမှ ၁/၄၀ ချည် ထုတ်လုပ်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ အခက်အခဲများ မေးမြန်း ပြီး မိမိတို့ မြတ်နိုးတန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် ကြိုးစားကြရန်၊ ကျန်းမာရေးအသိ လုံခြုံရေးသတိရှိရန်  တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက် များအပေါ် ‌ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့ မန်းရတနာ ပုဂ္ဂလိကလုပ်ငန်းရှင် ဒေါ်ရီရီနှင်း၏ ဝါကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာပြီး လုပ်ငန်းဆောင်ရွက်နေမှု များ ရှင်းလင်းတင်ပြမှုအပေါ် ကုန်ကြမ်းများရရှိရေး၊ စက်ရုံ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm