Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် နေကြာစေ့များအား ကြိတ်ခွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစ်စစ်ဆေး


24 Apr,2024

နေပြည်တော် ဧပြီ  ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေး မြို့နယ်၊ ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင် မြေ (၁၅)ဧကပေါ်တွင် ရုရှားသဘာမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် မြန်မာ နေကြာမျိုးနှင့် ရုရှားနေကြာစေ့များ ကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိလာသည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် ဆီထွက်သီးနှံ နေကြာစေ့များ ပျဉ်းမနားမြို့နယ် Myanmar Agribusiness Public Cooperation Linited (MAPCO) ဆန်စက် ဝန်းအတွင်းရှိ နေကြာအခွံချွတ်စက်ဖြင့် အခွံချွတ်နေမှုများအား လည်းကောင်း၊ အခွံချွတ်ပြီး နေကြာစေ့များအား လယ်ဝေးမြို့နယ် တောင်တွင်းဆီစက်တွင် ဆီကြိတ်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေကြာစေ့များအား အခွံချွတ်ပြီးမှ ဆီကြိတ်ခြင်းသည် ဆီအရည်အသွေး ပိုမိုကောင်းမွန်နိုင်ကြောင်း၊ စမ်းသပ်စိုက်ပျိုးခဲ့သည့် နေကြာ မျိုးအလိုက် နေကြာစေ့အား အခွံမချွတ်ဘဲ ကြိတ်ခြင်းမှ ထွက်ရှိလာသော ဆီပမာဏ၊ အခွံချွတ်ပြီး ကြိတ်ခြင်းမှထွက်ရှိလာသော ဆီပမာဏ၊ ရေဓါတ်ပါဝင်မှု နှုန်းများကို စနစ်တကျ တိုင်းတာ တွက်ချက်ထားရန် လိုအပ်ကြောင်း၊ နေကြာမျိုးအလိုက် ဆီထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စမ်းသပ်သည့်အခါတွင် အားနည်းချက် များကို ပြုပြင်၍ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm