Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


04 Apr,2024

နေပြည်တော် ဧပြီ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ ဇယန်းလက်ဖက်စို၊ လက်ဖက်ခြောက်၊ ရှမ်းရိုးရာ အစားအစာ ထုတ်လုပ်ဖြန့်ချိလျက်ရှိသော ခါတော်ဦး စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်၍ လက်ဖက်ထုတ်လုပ်ပုံအဆင့်ဆင့်ကို လိုက်လံကြည့်ရှုအားပေးပြီး လက်ဖက်မှ ခေါင်းလျှော်ရည်နှင့် အလှကုန်ပစ္စည်းများကိုပါ ထုတ်လုပ်နိုင်ရေး နည်းပညာပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်း ရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အဆင့်မီ ဝါဂွမ်းနှင့် ချည်များ ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းပြီး တောင်သူများအနေ ဖြင့် ဝါသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရရှိရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးမှူးက ဝါစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ များ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များ၏ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးဌာန အောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm