ချောက် မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ပြင်ဆင်ထိန်းသိမ်းရေး)ခွင့်ပြု ရန်ပုံငွေကျပ် ၁၉ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်သည့် နယ်ခြား-ကြီးနီ(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုမတ် ၂၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဦးဇော်မင်းထွဋ်နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များက ကျေးရွာကော်မတီဝင်များနှင့် အတူ နယ်ခြား-ကြီးနီ(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ချောက်မြို့နယ် နယ်ခြား-ကြီးနီ (ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ဇန်နဝါရီလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ခင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။