Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းစုံမြို့နယ် ဒရယ်- တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်လှစ်


19 Mar,2024

မော်လမြိုင် မတ် ၁၈

          နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ချောင်းစုံမြို့နယ် ဒရယ်- တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး

          ဦးစွာပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးသည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်းဖြင့် ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့စွာပို့ဆောင်နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် များစွာအထောက်အကူပြုစေမည့်အပြင် ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားသည်။

          ထို့နောက် ဒေသခံပြည်သူတစ်ဦးက တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပေးသည့် အတွက် ကျေးဇူတင်စကား ပြန်လည်ပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရားလွတ်တော်ချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်စွန်း (ကလွီ ရွာရှောင်လမ်း) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး

          အဆိုပါလမ်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၁၄ ဒဿမ ၆၃၈ သန်း ကျခံအသုံးပြုဆောင်ရွက်ခဲ့ သည့် ၈၂၈၂ ပေ ဂဝံ/ကျောက်ရော မြေသားလမ်းဖြစ်ပြီး ရှစ်ပေ Box Culvert ခြောက်စင်း၊ ပေ ၄၀ ကွန်ကရစ်တံတားတစ်စင်းပါဝင်သည်။ တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပြီးစီးခဲ့သည့် အတွက် ကလွီ၊ ဒရယ်၊ ဒေါင်းဥ၊ တောင်စွန်းနှင့် ကမာမိုးကျေးရွာများရှိ ဒေသခံပြည်သူများ၏ လူမှုစီး ပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm