Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၁/၂၀၂၄)[တွေ့ဆုံဆွေးနွေးပွဲ] အခမ်းအနားကျင်းပ


01 Mar,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (၁/၂၀၂၃) အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၉.၂.၂၀၂၄)ရက်၊ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ စီမံခန့်ခွဲရေးဌာနများ ဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ အရာထမ်း၊  အမှုထမ်းများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက အမှာစကားပြောကြားရာတွင် -
- မေဂျာများ၏ Fresher Welcomeနှင့်အာစရိယပူဇော်ပွဲ၊ ဖေဖော်ဝါရီလတွင် တက္ကသိုလ် (၁၂)နှစ်မြောက် နှစ်ပတ်လည်နေ့ သုတေသနစာတမ်းဖတ်ပွဲ၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အခမ်းအနား၊ ဆောင်းရာသီအားကစား ပြိုင်ပွဲများ၊ ဝါဏိဇ္ဇဗေဒဌာနမှ Intellectual talk for Finance Seminar ဟောပြောပွဲ၊  ထမနဲထိုးပြိုင်ပွဲနှင့် တိလောကမာရဇိန်ဘုရားပွဲတို့ကို ကျင်းပ ပြုလုပ်ခဲ့ပြီးကြောင်းနှင့် ၎င်းအခမ်းအနား‌များတွင် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များကို ဆန်းဆစ်ပြီး ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ 

- ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်မှာ လုပ်ငန်းခွင်တွင် ဝန်ထမ်းများ အဆင့်ဆင့် ကြီးကြပ်ရန်နှင့် အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
- သင်ကြားရေးပိုင်းအနေဖြင့် စာမေးပွဲကျင်းပတော့မည်ဖြစ်သောကြောင့် Revision ပြန်ရန်၊ စာကို သေချာသင်ကြားရန်၊ မေးခွန်းများကို သေချာစွာ ပြုစုရန်၊ ဆရာ/ဆရာမများ မိမိအရည်အသွေး တိုးတက်အောင် လုပ်ဆောင်ထားရန်နှင့် မည့်သည့်တက္ကသိုလ်သို့ဖြစ်စေ Ph.D ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုလိုပါက အင်္ဂလိပ်စာနှင့် Subject ပိုင်းဆိုင်ရာများ သေချာစွာပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ 

- သုတေသနကဏ္ဍများတွင် အကျိုးပြု သုတေသနများကိုလုပ်ရန် လိုကြောင်း ၊ နိုင်ငံအကျိုးပြု သုတေသနစာစောင်များ ထွက်ပေါ်နိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး တက္ကသိုလ်(၁၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်(၁၀)ဦးမှ စာတမ်း(၁၀)စောင်ကို ဖတ်ကြားခဲ့ပြီးဖြစ်ကြောင်း၊ Social in economic impact of loan on Pyin-Oo-Lwin Bazar Co-operative Society စာတမ်းကို သမဝါယမပညာဌာနမှလည်းကောင်း၊ Impact of Rural Development on Poverty Alleviation in Kalaw Township စာတမ်းကို စာရင်းအင်းပညာဌာနမှ လည်းကောင်း၊ Factor Affecting Business Success of Micro Enterprises in Sagaing Township  စာတမ်းကို ဘောဂဗေဒဌာနမှ ရေးသားနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊

- HRD ကဏ္ဍအနေဖြင့် Master of Public Administration (MPA), Master of Applied Research (MAR), Master of Business Administration (MBA), Third Quarter Final Examများကို ကျင်းပခဲ့ပြီး (၃.၃.၂၀၂၄)နေ့မှစ၍ Fourth Quarter သင်တန်းများ သင်ကြားမည်ဖြစ်ပြီး Second Batch ဖွင့်ရန်အတွက်လည်း  (၁၀.၁.၂၀၂၄) ရက်နေ့တွင် သတင်းစာ၌ ကြော်ငြာ ခေါ်ယူထားပြီးဖြစ်ပါကြောင်း၊ မိမိအသိမိတ်ဆွေများကိုလည်း ပြောကြားသွားရန်၊
- ဝန်ထမ်းများသက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအနေဖြင့် တက္ကသိုလ် GEC အသင်းအဖွဲ့ မှ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် အဓိကလိုအပ်သော စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ 
- ဝန်ထမ်းများသည် သတ်မှတ်ထားသော လုပ်ခွင်စည်းမျဉ်း၊စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အလုပ်တွင် စေတနာထားရန်၊ လျော်ညီသည့် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ရန်၊ ရာထူးတိုး ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမှုရှိရန်၊ ယှဉ်ပြိုင်လျှင် အရည်အချင်းရှိသူက သာမှာဖြစ်ပြီး မိမိအရည်အသွေးတိုးတက်အောင် ဆောင်ရွက်ထားရန်၊  ပညာအ‌ရည်အချင်းသာမက စိတ်ဓာတ်ရေးရာ ကောင်းမွန်ရန် ကြိုးစားကြရန်၊ IQ,EQ,AQ,SQ ကောင်းအောင်လုပ်ရမည်ဖြစ်ကြောင်း၊ ဌာနတွင်း စည်းလုံး ညီညွှတ်စွာဖြင့် အလုပ်ခွင်သာယာရေးဆောင်ရွက်ရန်၊ ရာထူးနှင့် လျော်ညီသော အရည်အသွေးပြည့်ဝအောင် ကြိုးစားကြရန်နှင့် 
- ဝန်ထမ်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မိမိမိသားစု၊ မိမိအဖွဲ့အစည်း၊ မိမိတက္ကသိုလ်အကျိုး၊ မိမိဒေသအကျိုးနှင့် တိုင်းပြည်အတွက် အားထားရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ အခမ်းအနားကို ညနေ(၄:၀၀)နာရီ တွင်အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm