Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ အခမ်းအနားကျင်းပ


28 Feb,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တည်ထားကိုးကွယ်သော တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ အကြိမ် (၃၁)မြောက် ဗုဒ္ဓပူဇနိယ အခမ်းအနားကို (၂၄.၂.၂၀၂၄)ရက်နေ့ နံနက်(၆:၃၀)အချိန်၌ အောင်သိန္ဓိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေး(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး ပင့်ဖိတ်ထားသည့် ရွှေသမားကျောင်းမှ သံဃာတော်အရှင်သူမြတ်များမှ ဦးစွာ ဘုရားအနေကဇာတင်ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီးနောက် သံဃာတော် အရှင်သူမြတ်များကို ကြာဇံဟင်းခါးဆွမ်းနှင့် အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များထံမှ ကိုးပါးသီလစောင့်တည်ပြီးနောက် လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်အစုစုတို့‌အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ထို့နောက် တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားအတွက် ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများ လှူဒါန်းခဲ့ကြသည့် အလှူရှင်(၁၈)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး  သာဓုခေါ်ဆို၍ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြာဇံဟင်းခါး၊ အချိုပွဲများဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm