Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


24 Feb,2024

သန်လျင်၊ ဖေဖော်ဝါရီ ၂၄

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်လျက်ရှိသော သဗ္ဗဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တက္ကသိုလ်ဓမ္မာရုံတွင် သံဃာတော် အရှင်သူမြတ် (၂၄)ပါးအား ပင့်ဖိတ်၍ ၂၁-၂-၂၀၂၄ ရက်နေ့မှ ၂၄-၂-၂၀၂၄ ရက်နေ့အထိ ရွတ်ဖတ် ပူဇော်ခဲ့သည်။ ၂၁-၂-၂၀၂၄ ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး ၂၄-၂-၂၀၂၄ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဘုရားအနေကဇာတင်နှင့် ပဋ္ဌာန်းအောင်ပွဲအခမ်းအနား ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း ဦးဆောင်၍ သံဃာတော် အရှင်သူမြတ် (၂၄)ပါးတို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့အား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့်အတူ သင်ကြား၊ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm