Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ


20 Feb,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၉.၂.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအတွက် Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၅၀၀)ကျော်၊ ရန်ကုန် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင်  မအားလပ်သည့်ကြားမှ လာရောက်ဟောပြောပို့ချပေးသည့် ဆရာကြီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာကြီးဦးသက်ထွန်းဦးသည် ၂၀၂၀ ခုနှစ်က တက္ကသိုလ်သို့ ပထမအကြိမ်လာရောက် ဟောပြော‌ပေးခဲ့ပြီး ယခုသည် တက္ကသိုလ်သို့ ဒုတိယအကြိမ်ဖြင့် လာရောက် ဟောပြောပေးသည် ဖြစ်သောကြောင့် ဆရာကြီးမှ Business လုပ်ငန်းလုပ်ရာတွင် Finance (ဘဏ္ဍာငွေ)ကို လက်တွေ့ကျ မည်သို့ရှာဖွေမည်၊ မည်သည့်အတွက် အရင်းအနှီးလိုမည်တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ Business လုပ်ရာတွင် Capital Market အခန်းကဏ္ဍသည် အရေးပါသည့်အပြင် Source မည်သို့ရှာဖွေမည်၊ Listed Company ဖြစ်လာရန် လိုအပ်ချက်များ၊ Investment မှ မည်သို့ Return ရရှိလာအောင် ကြိုးစားဆောင်ရွက်ရမည့် နည်းလမ်းများကို ဟောပြောပို့ချမည်ဖြစ်၍ သေချာနားထောင်စေလိုကြောင်း၊ သားတို့သမီးတို့အနေဖြင့် တက္ကသိုလ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို ယခုအသိပညာပေး ဟောပြောပွဲမှ ရရှိ လာမည့် Knowledge များနှင့် ပေါင်းစပ်ပြီး လက်တွေ့အသုံးချပြီး ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖြစ်မြောက်အောင် ဦးဆောင် ဆောင်ရွက်ပေးသည့် ဝါဏိဇ္ဇဗေဒပညာဌာနမှ ဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြသည့် သက်ဆိုင်ရာဌာနများမှ  ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အသိပညာဗဟုသုတများကို အချိန်ပေး ဝေမျှဟောပြောပို့ချပေးသည့် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦးနှင့် အားတက်သရော တက်ရောက်ပေးကြသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍  Stock Exchange Executive Senior Manager ဆရာကြီး ဦးသက်ထွန်းဦးမှ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးး ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ဆရာကြီး ဦးသက်ထွန်းဦး မှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ Stock Exchange Executive Senior Manager ဦးသက်ထွန်းဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၂း၃ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm