Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


14 Feb,2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၁၃.၂.၂၀၂၄)၊ ညနေ (၁၇း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သည့် အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ Team Work လုပ်ဆောင်မှု အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ Communicationကောင်းများ ရရှိလာစေရန်နှင့် Friendship တိုးတက်လာစေရန်အတွက် ဖြစ်သည့်အတွက် ပြိုင်ပွဲတွင် အနိုင်မခံအရှုံးမပေးသော အားကစား စိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမား မောင်မယ်များကို အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊  တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်း လက်ရွေးစင်များ ဖြစ်အောင်ကြိုးစားပြီး ၎င်းမှ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည်အထိ ဆက်လက် ကြိုးစားသွားကြရန်နှင့် အားကစားပွဲကို အစအလယ်အဆုံး စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့သည့် အားကစားကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြီးကြပ်အဖွဲ့နှင့် ဒိုင်အဖွဲ့များ၊ အားကစားပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ သင်တန်းရေးရာဌာနနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိအရာထမ်း၊ အမှုထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှာကြားခဲ့ပါသည်။ 

ထို့နောက် ဆုရရှိသည့် ဘောလုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသား ဘောလုံးအသင်း များ၊ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ပိုက်ကျော်ခြင်း အသင်းများနှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကြက်တောင်ပြိုင်ပွဲ ဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခဌာနမှူးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm