Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၂)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ပထမပိုင်းအစီအစဉ်ကျင်းပ


10 Feb,2024

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၉.၂.၂၀၂၃) ရက်နေ့ နံနက်ပိုင်း (၆း၃၀)နာရီအချိန်တွင် (၁၂)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနား ပထမပိုင်း အစီအစဉ်ဖြစ်သည့် သံဃာတော်များ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာန နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ အငြိမ်းစား ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ၊၊ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ကျေးလက်လမ်းဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် သံဃာတော် အရှင်သူမြတ်များကို မုန့်ဟင်းခါး ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေသမားကျောင်းတိုက် ဆရာတော်အရှင်သူမြတ်များထံမှ (၅)ပါး သီလခံယူ ဆောက်တည်ခြင်း ၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူကြပြီးနောက် ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး (၁၂)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ပထမပိုင်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 

ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများကို မုန့်ဟင်းခါး နှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm