Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ်၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပြုလုပ်


30 Jun,2022

ပွင့်ဖြူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ရွှေလှေကျေးရွာအုပ်စု၊ ရွာ​ထောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇွန် ၂၇ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ သဘောသဘာဝ၊ စီမံကိန်းလက်စွဲပါဆောင်ရွက်ရန်အချက်များနှင့် အခြေခံရမည့်မူများ၊ ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၏ တာဝန်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ၇ ဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရန်လျာထားပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးရေးကို စဥ်ဆက်မပြတ် ဖော်ဆောင်ရန်ဟူသော မျှော်မှန်းချက်အား ဘက်ပေါင်းစုံမှ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm