Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


09 Apr,2024

ပင်းတယ  ဧပြီလ ၈ရက်
========================
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင် ကျေးရွာရှိ စိုက်ပျိုး‌ရေး လုပ်ကိုင်သူ တောင်သူများ၏ လယ်/ယာ မြေ များအတွက် စိုက်ပျိုးရေများ ကုန်ကျစရိတ်သက်သာစွာဖြင့် ဖူလုံစွာ ရရှိနိုင်ရန် ရည်ရွယ်၍ ‌ဆိုလာစနစ်ဖြင် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ‌အခြေအနေများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးနှင့်  တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
 
‌ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ပင်းတယ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်  ၊ စီမံကိန်းတာဝန်ခံ နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် မိုင်းအင် ကျေးရွာတွင်  ဆိုလာရေတင်စနစ်ဖြင့်   စိုက်ခင်းများ ရေဖြန့်ဝေပေးနိုင်ရန် အရှည် ၂၅၀၀ပေရှိ ၃လက်မ ရေပိုက်လိုင်းသွယ်တန်းခြင်း နှင့်  ဆိုလာပန့် တပ်ဆင်ခြင်းလုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဦးစီးမှူး   က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ  စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများအား  ရေရှည်တည်တံ့အောင်  စနစ်တကျ သုံးစွဲကြရန် ဆွေးနွေးမှာကြားသည်။
 
မိုင်းအင် ကျေးရွာတွင် အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်( ၁ ဒသမ ၂၆၅)သန်း၊ စုစုပေါင်းရန်ပုံငွေကျပ်(၁၆ ဒသမ ၂၆၅)သန်းကို အသုံးပြုကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ကွင်းဆင်းကြီးကြပ်မှု၊  နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနစ် စက်တင်ဘာလ ပထမအပတ်မှ စတင်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ရာ ယခုအခါလုပ်ငန်းများအားလုံးရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ် ၍ အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် ရာသီမရွေး စိုက်ပျိုးရေများ ဖူလုံစွာ ရရှိနေပြီဖြစ်ကြောင်း  ပင်းတယ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော် ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm