Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမသင်တန်းကျောင်း(တောင်ကြီး)

နောက်ခံသမိုင်းအကျဉ်းချုပ်

၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်းအရ သမဝါယမပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်/တိုင်းသမဝါယမသင်တန်းကျောင်းများကို တိုင်းစစ်ဌာနချုပ်တပ်တွင်း ပညာပေးသင်တန်းကျောင်းများတွင် ကနဦးဖွင့်လှစ်ခဲ့ကြရပါသည်။ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းတပ်တွင်းပညာပေးသင်တန်းကျောင်းတွင် ၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၀ ခုနှစ်တွင် သမဝါယမအသင်းများက ဖွဲ့စည်းတည်ထောင်ပြီး သမဝါယမဦးစီဌာနမှ ကြီးကြပ်ဆောင်ရွက်သော သမဝါယမသင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီမံချက်ကို သမဝါယမဦးစီးဌာန၏ (၂၇-၆-၇၂) ရက်စွဲပါစာအမှတ်၊ ဂ-၁၀ ဖြင့် ထုတ်ပြန်ညွှန်ကြားခဲ့ပါသည်။ ထိုစီမံချက်အရ ရှမ်းပြည်နယ် သမဝါယမသင်တန်းကျောင်းကို တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(ပ/၁)ရှိ မြေနှင့်အဆောက်အဦသို့ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ယခုတိုင်ဖြစ်ပါသည်။


သမဝါယမသင်တန်းကျောင်း (တောင်ကြီး)

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm