Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Development ချဉ်းကပ်မှုနည်းလမ်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင် မြို့နယ် (၇) မြို့နယ်၊ ကျေးရွာအုပ်စု (၁၈၂) အုပ်စုအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ခေါင်းစဉ်မှ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့NOL တောင်းခံခဲ့ရာ ဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာ စီမံကိန်းကာလအား(၁)နှစ် သက်တမ်းတိုးခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ဘဏ် ချေးငွေခေါင်းစဉ်မှ လျာထားခဲ့သော ထောက်ပံ့ရန်ပုံငွေ ကျပ် (၄.၃)ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့်မြို့နယ် (၆) မြို့နယ်၊ကျေးရွာအုပ်စု (၅၉) အုပ်စုအား လမ်းတံတား၊ စာသင်ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊ မီးလင်းရေးနှင့်အခြားစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသစ်ထပ်မံလျာထားခဲ့ပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာအုပ်စု (၄၆)အုပ်စုအား ထောက်ပံ့ရန်ပုံငွေပေးပို့ပြီးဖြစ်၍ လုပ်ငန်း (၁၅၂) ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးလုပ်ငန်း (၁၂) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၄၆) ခုနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်း (၉၄) ခု ဖြစ်ပါသည်။ ကျန်ကျေးရွာအုပ်စုများအား ထောက်ပံ့ရန်ပုံငွေပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခု လျာထား ဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့်ကာလထိလုပ်ငန်းအားလုံး (၁၀၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm