Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဏ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

(၁) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)

              သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းနှစ် အသီးသီးအား ၁၂-၅-၂၀၂၂ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး  ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၆၆) ဦး တက်ရောက်လျက်ရှိပါသည်။

(၂) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

              သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီးအား ၁၂-၅-၂၀၂၂ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၃၆) ဦး တက်ရောက်လျက်ရှိပါသည်။

              သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၁၈-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm