Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


24 Feb,2022

သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
=====================================
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင် ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော ဒုတိယအကြိမ် သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့ နေ့လည် (၁:၀၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချသည့်ဆရာ၊ ဆရာမများ နှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က ယခုသင်တန်းတွင် သင်ကြားမည့် စီမံခန့်ခွဲမှုနှင့်ဈေးကွက်ဖော်ဆောင်ရေး ဘာသာရပ်များသည် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သည့်အခါတွင် လိုအပ်မှာဖြစ် ကြောင်း၊ သင်ကြားမှုခံယူရာတွင်လည်း လုပ်ငန်းများ၌ အမှန်တကယ်ချိတ်ဆက်အသုံးပြု လုပ်ဆောင်နိုင်သည်အထိ လေ့လာသင်ယူကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးဦးမျိုးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း ပြောကြားပြီး နောက် သင်ကြားမည့်ဘာသာရပ်များကို သမဝါယမအသင်းများအတွက် လက်တွေ့နယ်ပယ် တွင် ပြန်လည်မျှဝေပေးရန်ပြောကြားခဲ့သည်။ ဒုတိယအကြိမ် သမဝါယမစီမံခန့်ခွဲမှုနှင့်ဈေးကွက် ဖော်ဆောင်ရေးသင်တန်းကို (၂၁-၂-၂၀၂၂)မှ (၂၅-၂-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၀၀) ဦးဖြင့် နေ့လည်(၁:၀၀) နာရီမှ ညနေ(၄:၀၀)နာရီထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိ ဌာနဝန်ထမ်းများ၊ သမဝါယမ အသင်းအဆင့်ဆင့်ရှိ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား Online မှတစ်ဆင့် Zoom Application ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm