Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး


08 Apr,2024

ရပ်စောက် ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမ အသင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယ(၆)လအတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုး ထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါ သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းတွင် အသင်းသား (၅၁၄)ဦး ရှိပြီး ၎င်းအသင်းသားများအတွက် စုဆောင်းငွေအပေါ်အတိုးငွေကျပ် (၁၉၁) သိန်းအား မြို့မဈေး သမဝါယမအသင်း အမှုဆောင်အဖွဲ့ဝင်များမှ ကြီးကြပ်၍ အသင်းသားများအား ထုတ်ပေး ခဲ့ကြောင်း သိရသည်။

ဆုမွန်

ရှမ်းပြည်နယ်

အမြို့မြို့အနယ်နယ်သတင်းများ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm