Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


03 Mar,2024

နေပြည်တော် မတ် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘယက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဘယက်ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အမှုဆောင်များ၊ အသင်းသားများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် သန်လျင်မြို့နယ်တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် နိုင်ငံတော်သို့ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပေးဆပ် ပြီးစီးမှု အခြေအနေများ၊ နွေစပါး (၈၃၅၀)ဧက စိုက်ပျိုးထားရှိမှု အခြေအနေများ၊ အထွက်တိုး မျိုးစပါး၊ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာပံ့ပိုးထားရှိမှု၊ ရိတ်သိမ်းရန် စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများ အနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွား လာမှာဖြစ်သည့် အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ ကျေးရွာတောင်သူ များမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်၊ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆောင်ရွက်မှာသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။

ဒါ့အပြင် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် လိုအပ်သော ထွန်စက်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များကိုလည်း အသုံးပြုရန် လိုအပ်ပါကြောင်း၊ အဆိုပါစက်များအား တစ်ဦးချင်းတစ်ယောက်ခြင်း ဝယ်ယူအသုံးပြုနိုင်ခြင်း မရှိပါက အသင်းအဖွဲ့အနေဖြင့် စုဖွဲ့ဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး သက်သာသော အတိုးနှုန်းဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကိုရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်အစေ့ချစက်(Seeder) များ ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၁)စိုက်ပျိုးရေး၊ မွေးမြူရေးရပ်ကွက်သို့ရောက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့်  Bakery & Snack သင်တန်းဆင်းပြီး စီမံကိန်းမှ လုပ်ငန်းသုံး စက်ကိရိယာများပံ့ပိုးမှုဖြင့်   K&T Family နှင့် Glory & Grace Bakery အသေးစား ကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ “ရွှေသရဖူ” အမျိုးသမီး စက်ချုပ် သမဝါယမအသင်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစု ဝင်ငွေ တိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများနှင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိခဲ့သည့် လူငယ်လူရွယ်များကိုလည်း အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက် နိုင်စေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့မှ ကျေးရွာအရောက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး သင်တန်း များဖွင့်လှစ်ပို့ချပြီးပါက သင်တန်းတွင် ထူးချွန်းသူများအနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင် မည့်သူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသေးစားကုန်ထုတ် လုပ်ငန်း လုပ်ကိုင်နေသူများ၊ ရွှေသရဖူအမျိုးသမီး စက်ချုပ်သမဝါယမအသင်းသူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm