Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၌ ရုရှားသဘာဝမြေဩဇာသုံး နေကြာစိုက်ခင်းရိတ်သိမ်းပြီးစီးမှု ကြည့်ရှုအားပေး


25 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ (၁) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဝင်းဗိုလ်၏ နေကြာ၊ မြေပဲစိုက်ခင်းများအနက် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာမျိုး ၁ ဧက ရိတ်သိမ်းပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ အဆိုပါ နေကြာစမ်းသပ်စိုက်ခင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရိတ်သိမ်းခဲ့ရာ တစ်ဧက အစိုအထွက်နှုန်း ၇၂ တင်း၊ အခြောက်အထွက်နှုန်း ၆၈ တင်း ထွက်ရှိခဲ့ကြောင်း၊  ရုရှားသဘာဝမြေဩဇာ အသုံးပြုပုံ နည်းစနစ်မှာ မစိုက်ပျိုးမှီ ၁ ဧက အတွက် မျိုးစေ့များကို မြေဩဇာအရည် ၅၀ CC ဖြင့် နယ်လူးခြင်း၊ အပင် ဖြစ်ထွန်းချိန်တွင် မြေဩဇာအရည် ၃၀ CC ၂ ကြိမ်ကို သတ်မှတ်အချိုးအစားအတိုင်း ရေဖြင့် ရော၍ဖြန်းပေးခြင်း ပြုလုပ်ပြီး ယူရီးယား ၁ အိတ်ခွဲနှင့် ၁၅ ပတ်လည်ကွန်ပေါင်း အိတ်ဝက်ကိုပါ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ ယင်းကဲ့သို့ အသုံးပြုမှုကြောင့် အပင်ဖြစ်ထွန်းမှု၊ အစေ့အစံအောင်မြင်မှု အထွက်နှုန်းတိုးမှုများ ရရှိခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm