Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


29 Jan,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၂၉.၁.၂၀၂၄)၊ ညနေ(၁၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးရာဌာနများဖြစ်သည့ (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် အလံကိုင်အဖွဲ့ ဦးဆောင်ပြီး အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးသည့်နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြောကြားရာတွင် --- ယခုကဲ့သို့အားကစားပွဲများကို‌ ကျင်းပရခြင်းဖြင့် အနိုင်မခံ အရှုံးမပေးသည့် စိတ်များ ဖြစ်လာစေခြင်း၊  အသင်းအဖွဲ့အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော  အလေ့အကျင့်များ ဖြစ်ပေါ်လာစေခြင်း၊ စည်းလုံးပူးပေါင်း ဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုမှတဆင့်  မိမိလူမျိုး၊ မိမိအသင်း၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံကို ချစ်သည့်စိတ်များ ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာစေခြင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကျေးဇူးဆပ်ရာရောက်သည့်အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ယခုပြိုင်ပွဲများမှ တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများ ထွက်ပေါ်လာနိုင်သကဲ့သို့ တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်းအဆင့်၊ ၎င်းမှ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် နိုင်ငံတကာအဆင့်အထိ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည့်အထိ ကြိုးစားသွားကြရန်တို့အား မှာကြားခဲ့ပါသည်။ 

ထို့နောက် အားကစားသမားများမှ အားကစားသံဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ စနစ်တကျထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 

ဆက်လက်၍ ဆောင်းရာသီ အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို စတင်ကျင်းပ ယှဉ်ပြိုင်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm